Monday, November 17, 2008

Surfer 8 (1)

                     ကျွန်တော်ဒီပို့စ်လေး တင်ရခြင်းရဲ့ ရည်ရွယ်ချက်က Surfer ဆိုတဲ့ Software တစ်ခု အကြောင်း မိတ်ဆက်ပေးချင်လို့ပါ။ သိပြီး၊ အသုံးပြုဖူးပြီးတဲ့ သူတွေလည်းရှိနိုင်တာမို့ မသိသေးတဲ့သူတွေ အတွက် ဗဟုသုတဝေမျှတာဖြစ်တယ်လို့ ကြိုတင်ပြောပါရစေ။ ဒီ Surfer Software က ယခုလက်ရှိ ကျွန်တော် သုံးနေတာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင် ပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက် ကျွန်တော်သုံးနိုင်သလောက်၊ ဖတ်မှတ်ထားနိုင်သလောက်သာ ဗဟုသုတရပါစေဆိုတဲ့ စေတနာသက်သက် တင်ပြတာဖြစ်လို့ လိုအပ်တာတွေ အများကြီးရှိနိုင်ပါတယ်။ တကယ်တော့ဒီ Software က နည်းပညာ ပိုင်းဆိုင်ရာ နယ်ပယ်တွေဖြစ်တဲ့ Engineer, Land and Hydro Survey, Science နဲ့ အခြားနယ်ပယ်တွေမှာ အသုံးပြုကြတာ ဖြစ်တဲ့အတွက် လူတိုင်းစိတ်ဝင်စားနိုင်မှာ မဟုတ်သလို့ လက်ရှိပေါက်ဈေးကလည်း ဒေါ်လာ ၅၀၀ အထက်မှာရှိတဲ့အတွက် စမ်းသုံးကြည့်ဖို့ ဆိုတာဟာလည်း အကြောင်းတိုက်ဆိုင်မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို Software မျိုးက ဒါမျိုးတွေလုပ်လို့ရတယ်ဆိုတာကို သိသွားတယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီ။ ဒါ့ထက်ဒီပို့စ် ဖတ်ပြီး ကိုယ့်လုပ်ငန်းမှာအသုံးပြုဖို့ အိုင်ဒီယာရသွားတယ် ဆိုရင်တော့ ကျွန်တော် ဝမ်းသာရမှာပေါ့။ 
                      Surfer က ယခုလက်ရှိ နောက်ဆုံးဗားရှင်း အနေနဲ့ Surfer 8 ကိုရောက်နေပါပြီ။ Surfer 8 မတိုင်ခင် ယခင် Surfer 7 နဲ့က ခုနဲ့က အသုံးပြုလို့ရတာချင်း တော်တော်ကွာသွားပါပြီ။ အခုကျွန်တော်က Surfer 8 အကြောင်းကို တင်ပြမှာဖြစ်ပါတယ်။ ယခုလို တင်ပြတဲ့အခါမှာလည်း တစ်ချို့ နည်းပညာ အသုံးအနှုံး (Technical Terms) တွေကို မြန်မာဘာသာနဲ့ ရှင်းပြရမှာ ခက်ခဲတဲ့အတွက် အင်္ဂလိပ်လိုပဲ တိုက်ရိုက်သုံးစွဲမှာ ဖြစ်တယ်လို့ ကြိုတင်စကားပလ္လင်ခံထားပါရစေခင်ဗျာ။
.
Surfer ဆိုတာဘာလဲ?
                    Surfer ဆိုတာ Visualization Software ဖြစ်ပြီး Grid ကိုအခြေခံတဲ့ Graphic Program တစ်ခုပါ။ X,Y,Z Data ကဖြစ်လာတဲ့ Grids တွေကို အခြေခံပြီး Contour Maps, 3D Surface Maps, 3D Wireframe Maps, Shaded Relief Maps, Colour Image Maps, Post Maps, Classed Post Maps, Vector Maps နှင့် Base Maps တွေ ဖန်တီးပုံထုတ်တဲ့ Software ဖြစ်ပါတယ်။ ဧရိယာတွက်ချက်ခြင်း၊ ဖြတ်ပိုင်းပုံရေးဆွဲခြင်း၊ ထုထည်ပမာဏတွက်ချက်ခြင်း တို့ကိုလည်းလုပ်ဆောင်နိုင်ပါသေးတယ်။ ပုံစံမကျတဲ့ X,Y,Z Data တွေကို (Interpolate) ကြားညှပ်ဖြည့်စွက်ခြင်း၊ ပေါင်းစပ်ပြုပြင်ခြင်း၊  ဆက်စပ်ဖန်တီးခြင်းဖြင့် ပုံစံကျ Grid များဖြစ်အောင်လည်း ပြုပြင်ဖန်တီးနိုင်ပါတယ်။ ပုံစံကျ Grid များကိုဖန်တီးယူရာတွင် သူ့မူလ Program အတွင်းမှာတင်မကပဲ အခြားနေရာမှ Data Sources များသွင်းယူခြင်းဖြင့်လည်း ဖန်တီးနိုင် ပါတယ်။ ဖန်တီးရေးဆွဲပြီးသား မြေပုံတွေပေါ်မှာလည်း တစ်ခြား နယ်မြေပိုင်းခြားသတ်မှတ်မျဉ်းတွေ၊ သတင်း အချက်အလက်ဖော်ပြချက်တွေ၊ နေရာသတ်မှတ်ချက်တွေ ထည့်သွင်းခြင်း၊ စိတ်ကြိုက်စာများထည့်သွင်းခြင်း၊ DXF ကဲ့သို့ပုံများ ထည့်သွင်းခြင်း နှင့် တစ်ခြားအမျိုးအစားမြေပုံများဖြင့် နှိုင်းယှဉ်ဖော်ပြခြင်း များကို ဆောင်ရွက်နိုင်စေရန် လွယ်ကူတဲ့ Tools များဖြင့်ဖွဲ့စည်းထားပါတယ်။

 
ဆက်ရန်ရှိသည်.............................

2 comments:

ဟိန်းညီ said...

စိတ်ဝင်စားပါတယ်ခင်ဗျာ။
ဆက်ရေးစေလိုပါတယ်။
မသိတာရှိရင်လည်းမေးခွင့်ပြုပါ။
ကျေးဇူးတင်ပါတယ်။

(www.radar-myanmar.co.cc)

My Native Land said...

ကိုဟိန်းညီ စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လောလောဆယ် ပို့စ် အသစ်တင် ဖို့မအားဘူးဖြစ်နေလို့ပါ။ တတ်နိုင် သလောက်ဆက်ရေးသွားပါမယ် ခင်ဗျာ။