Wednesday, November 5, 2008

အမေရိကန်သမ္မတ(သို့) စကြာံဝတေးမင်း

                 ဒီနေ့  အမေရိကန်ရဲ့ ပထမဦးဆုံးလူမည်းသမ္မတ အဖြစ် သမိုင်းမှတ်တမ်းတင်မဲ့ ဒီမိုကရက်တစ် ပါတီ၏ အထက်လွှတ်တော်အမတ် မစ္စတာဘားရတ်အိုဘားမားဟာ သူ့ရဲ့ပြိုင်ဘက် ရီပတ်ပလစ်ကန်ပါတီ ဆီးနိတ်အမတ် မစ္စတာဂျွန်မက်ကိန်း ကိုအနိုင်ရကာ ၄၄ ဦးမြောက် အမေရိကန်သမ္မတ အဖြစ် ရွေးချယ်ခံလိုက် ရပါပြီ။ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတကျမ်းသစ္စာကျိမ်ဆိုပြီး အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ရ တော့မှာဖြစ်ပါတယ်။ ကမ္ဘာသမိုင်းမှာ အမေရိကန်သမ္မတရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတဲ့အတွက် တကယ့်ကိုကြီးကျယ်တဲ့ ရွေးကောက် ပွဲကြီး ပြီးသွားတာပါ။


Barack Hussein Obama
               
                  အမေရိကန်သမ္မတရဲ့ သက်တမ်းဟာ ၄နှစ်ပါ။ သက်တမ်း ၄နှစ်ပြီးရင်တော့ နောက်ထပ်တစ်ခါ ရွေးကောက်ပွဲ ထပ်လုပ်ရပါမယ်။ ဆိုလိုတဲ့ သဘောက တိုင်းပြည်ရဲ့ အချူပ်အချာအာဏာကို တစ်ဦးတစ်ယောက်တည်းက လက်ဝါးကြီးအုပ်ထားလို့ မရဘူးလို့ပြောတာနဲ့ အတူတူပါပဲ။ ယခုလက်ရှိ အမေရိကန်သမ္မတဘုရှ်ဟာ အီရတ်ရေး၊ ကမ္ဘာငွေကြေး ပြဿနာတွေနဲ့ ခေါင်းကိုက်နေတဲ့ အနေအထားမှာရှိပါတယ်။ သမ္မတသစ် ဖြစ်လာမယ့် အိုဘားမားဟာ ဒီပြဿနာတွေကို လက်လွှဲယူရတော့မှာပါ။ ၂၁လတာ ကြာမြင့်ခဲ့တဲ့ မဲဆွယ်ပွဲ မှာဆီးနိတ်အမတ်တွေဟာ သူတို့အနိုင်ရရှိဖို့ သူတို့ရဲ့အရည်အချင်းတွေ၊ တိုင်းပြည်ကို ဘယ်လိုတိုးတက်စေမယ်၊ ဘယ်လိုဆောင်ရွက်မယ်စတဲ့ သူတို့ရဲ့မူဝါဒတွေကို ဖော်ထုတ်ကြေငြာ ခဲ့ကြတာပါ။ ကဲ...အခုကော ဘယ်လိုလဲ မစ္စတာအိုဘားမား။ အိုဘားမား လက်ထက်မှာရော အမေရိကန်နဲ့တကွ ကမ္ဘာကိုဘယ်လို ပြောင်းလဲ တိုးတက်စေမှာလဲ ဆိုတာ တစ်ကမ္ဘာလုံးနဲ့အတူ ကျွန်တော်တို့လည်း စောင့်ကြည့်ကြပါဆို့........


အမေရိကန်နိုင်ငံရဲ့ မဲပေးတဲ့စနစ်ကို "ဒီမှာဖတ်"

0 comments: