Wednesday, November 18, 2009

ခိုင်မြဲသောအချစ်



ခိုင်မြဲသောအချစ်




Credit - Please Visit to this Channel NangMweNguen

Sunday, November 8, 2009

မောတို့ပျော်ရာတောင်သာယာ

                            သီချင်းကောင်းလေးတစ်ပုဒ်။ အဲ....ဒါနဲ့  ခင်ဗျားအိမ်ကိုလွမ်းနေတယ်ဆိုရင် ဒီသီချင်းကို ဖွင့်မကြည့်ပါနဲ့။ ငိုချင်ရက်လက်တို့ လုပ်တယ်ဆိုပြီး ကျွန်တော့်ကိုခင်ဗျား အပြစ်တင်မှာ ကြောက်တယ်ဗျာ။


Thursday, October 22, 2009

Simple Song Of Freedom

Come and sing a simple song of freedom
Sing it like you've never sung before
Let it fill the air
Tell the people everywhere
We, the people here, don't want a war

Hey there, Mister Black Man can you hear me?
I don't want your diamonds or your game
I do want to be someone known to you as me
and I will bet my life you want the same

Come and sing a simple song of freedom
Sing it like you've never sung before
Let it fill the air
Tell the people everywhere
We, the people here, don't want a war

Seven hundred million are you Listening?
Most of what you read,is made of lies
But speaking one to one, ain't it everybody's sun
To wake to in the morning when we rise?

Come and sing a simple song of freedom
Sing it like you've never sung, never sung, before
Let it fill the air
Tell the people everywhere
We, the people here, don't want a war

Brother Yareshenko are you busy?
If not would you drop a friend a line?
Tell me if the man,who is plowing up your land
Has got the war machine upon his mind.

No doubt some folks enjoy doin' battle
Like presidents, prime ministers and kings (Generals)
So let's all build them shelves so they can fight among themselves
and leave us be those who want to sing

Come and sing a simple song of freedom
Sing it like you've never, ever, sung before
Let it fill the air
Tell the people everywhere
We, the people here, don't want a war

Come and sing a simple song of freedom
Sing it like you've never, ever, sung before
Speaking one to one
Ain't it everybody's sun
To wake to in the morning when we rise
Speaking one to one
Ain't it everybody's sun
To wake to in the morning when we rise

Wednesday, October 21, 2009

Shan New Year 2104 (Singapore)



This year 2009, Our SHAN New Year Celebration will be taken place at
  • Kreta Ayer People's Theatre
  • November 14, 2009(Saturday), 05:00 p.m
  • Nearest MRT: China Town MRT & Outram Park MRT
  • Bus Service(Bus Stop No. 05039 @ New Bridge Road): 2, 12, 33, 54, 63, 124, 143, 147, 970, CT8 & CT18
  • Bus Service(Bus Stop No. 05241 in front of Kreta Ayer People's Theatre): 80 & 145
  • Bus Service(Bus Stop No. 05259 @ South Bridge(Neil)Road): 166 & 197

 Sketch Programs for Tai New Year 2104


1.                  Opening + Kong Mong
2.                  Speech from Sao Sai Noi (English & Tai)
3.                  Band: Group Songs
i.                    Kath sai hai mai soong
ii.                  Yar learm waan pi mai

4.                  Dance : Ying-Ka-Kong (Ladies dance with traditional long drum)
5.                  Dance : Tai Phake
6.                  Dance : Kong-Mong-Yang
7.                  Band:  Sai Zai Mao/ L Sai Zi



8.                  Dance : Naunk Oon tar moon moon
9.                  Dance : Ka-Lai-Liao (Sword Dance)
10.              Dance : Noke / Doe
11.              Band:  L Sai Zi/ Sai Zai Mao

12.              Dance : 12 Pannar
13.              Dance : Tang Ka Sai(Modernized dance with Ladies traditional fashion show)
14.              Band:  Solo Songs : L Sai Zi/ Sai Zai Mao
15.              Finale Group Song & Dance
16.              Closing





Last Year Shan New Year Video Clips

Please Visit to Shan New Year

Photo Credit - Google Search 

Saturday, October 3, 2009

သီတင်းကျွတ်လပြည့်နေ့

ခု...မိုးတွေရွာနေတယ်။ 
သီတင်းကျွတ်လပြည့်နေ့ ဆိုတော့အိမ်ကိုတော့လွမ်းမိသား။ ငယ်ငယ်တုန်းကလို့အိမ်ရှေ့မှာ မီးပန်းတွေနဲ့ဆော့ချင်သေးတယ်။ လောလောဆယ် မီးပူဇော်ပြီးသီတင်းကျွတ်လပြည့်နေ့ကို အဝေးကနေပဲ အလွမ်းဖြေလိုက်တယ်။ 




  

 

 



Wednesday, September 23, 2009

ခွန်ဆမ်လော နန်းဦးပြင်

                   စိုင်းဆိုင်မော(ဝ်) ရဲ့ သီချင်းလေးပါ။ ချစ်သူနှစ်ဦး ဝေးကွာရတဲ့ အကြောင်းကို တောင်ပေါ်မြေရဲ့ လွမ်းပုံပြင်ထဲက ခွန်ဆမ်လောနဲ့ နန်းဦးပြင် ပမာခိုင်းနှိုင်းထားတဲ့ သီချင်းလေးပါ။ အလွမ်းသံစဉ်လေးနဲ့ ရှမ်းသီချင်းလေးကို အောက်မှာ ဗမာလိုလည်း တိုက်ရိုက်ဘာသာပြန်ပေးထားတယ်ဗျာ။ ခွန်ဆမ်လောနဲ့ နန်းဦးပြင် အကြောင်း သေသေချာချာသိချင်ရင် ခီခန့်ရဲ့ ခွန်ဆမ်လောနဲ့ နန်းဦးပြင် မှာအရင်သွားဖတ်ပါလို့ ညွှန်းပါရစေ။


Monday, September 21, 2009

ရွှေဥဩငှက်

                          ရှမ်းအဆိုတော်စိုင်းဆိုင်မော(ဝ်)ရဲ့ သီချင်းလေးတစ်ပုဒ်။ သီချင်းနာမည်လေးကို ဗမာလို "ရွှေဥဩငှက်" လို့ တိုက်ရိုက်ဘာသာပြန်လို့ရတယ်။ မိုင်းကိုင်မြို့ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းလေး ဖြစ်တဲ့ ခွန်ဆမ်လောနဲ့ နန်းဦးပြင် တို့ရဲ့ရင်သွေးလေးဟာ ဥဩငှက်ကလေးဖြစ်သွားပြီး ဖခင်ခွန်ဆမ်လောကို လိုက်ရှာတဲ့ အကြောင်းဖတ်ချင်ရင် ခီခန့်ရဲ့ ခွန်ဆမ်လောနဲ့ နန်းဦးပြင် မှာအရင်သွားဖတ်လိုက်ပါ။ ပြီးရင် ဒီသီချင်းလေးကိုခံစားကြည့်ပေါ့။
                   

ဟင်းထုပ်

                                   မွေးရပ်မြေနဲ့ ရိုးရာအစားအစာတွေဆိုတာ လွမ်းဆွတ်စရာတွေ မဟုတ်လားဗျာ။ ကျွန်တော်လွမ်းသလို ခင်ဗျားတို့လည်း လွမ်းနေကြမယ်ဆိုတာ မမေးလည်းသိနေတယ်လေ။ ကျွန်တော်တို့ မွေးရပ်မြေ ရှမ်းပြည်နယ်မှာ ငယ်ငယ်က ပျော်ပွဲရွှင်ပွဲတွေနဲ့ ပျော်ရွှင်ခဲ့ကြတာတွေ၊ ရိုးရာအစားအသောက်တွေ နဲ့ စိတ်ချမ်းသာဖွယ် အချိန်တွေကိုဖြတ်သန်းခဲ့ကြရတယ်မဟုတ်လား။ ကျွန်တော်ကတော့ ပြန်မရနိုင်တော့တဲ့ ငယ်ဘဝတွေကို အမြဲလွမ်းတယ်ဗျာ။ ခုလို မွေးရပ်မြေနဲ့ ဝေးကွာနေတဲ့ အချိန်မှာ ကျွန်တော့်တို့ သူငယ်ချင်းတွေ စုဝေးမိတိုင်း ငယ်ဘဝကပျော်စရာတွေကို လွမ်းဆွတ်တမ်းတရင်း ရိုးရာစာတွေကို  မကြာခဏဆိုသလို ပျော်ရွှင်စွာ လုပ်စားဖြစ်တယ်။ ခုလုပ်စားဖြစ်တဲ့ အင်းသားရိုးရာ ဟင်းထုပ်အကြောင်းလေး ခင်းဗျားတို့ကို ဓာတ်ပုံလေးတွေနဲ့ ပြောပြပေးမယ်နော်။ ဟင်းထုပ်လို့ပြောရင် ရှမ်းပြည်တောင်ပိုင်းကလူတွေ ချက်ချင်းသိပြီး မျက်စိထဲ ဂျူးမြစ် နဲ့ ငရုပ်သီး ကြော်အနီတောင့်လေးတွေ ပြေးမြင်မိမယ်ဆိုတာ ကျွန်တော်အတတ်ပြောရဲတယ်။ ကျွန်တော်ပြောတာ ဟုတ်တယ်မလား။ ပြောရင်းဆိုရင်း ခုစာဖတ်နေရင်းနဲ့ကို ခင်းဗျားသွားရည်ယိုနေ ပါပြီဗျာ။ ရှမ်းပြည်တောင်ပိုင်းလို့ ဘာလို့သတ်သတ်ခွဲပြောရတာလဲဆိုတော့ ကျွန်တော့် သူငယ်ချင်း မြောက်ပိုင်းသားတွေက ဟင်းထုပ်ဆိုတာကို မသိလို့ဗျ။ သူတို့ဘာလို့မသိတာလဲ ခင်ဗျားသိလား။ ဟင်းထုပ်ဆိုတာ ရှမ်းပြည်တောင်ပိုင်းက အင်းသားရိုးရာစားစရာဖြစ်နေလို့ပဲဗျ။ ကဲပါလေ.. ပြောနေတာကြာပါတယ်၊ အောက်မှာ ဓာတ်ပုံလေးတွေနဲ့  ရှမ်းပြည်တောင်ပိုင်းက အင်းသားရိုးရာ ဟင်းထုပ်ကို တစ်ဆင့်ချင်း ဘယ်လိုလုပ်သလဲ ဆိုတာ ကြည့်ရင်း သွားရည်ယိုကြရအောင်လားဗျာ။


ကြက်သွန်မြိတ်ကို သေးသေးလေးတွေဖြစ်အောင်လှီး။

  
ဆန်နဲ့ကောက်ညှင်းကြိတ်ထားတာထဲကို ကြက်သွန်မြိတ်နဲ့ ဆီ၊ဆား ရော။
(ကြိတ်စက်မရှိရင် အဆင်သင့်ဝယ်လို့ရတဲ့ ဆန်မှုန့်နဲ့ကောက်ညှင်းမှုန့်ကိုရေနဲ့ရောလုပ်လည်းရတယ်။)

 
သမအောင်မွှေပြီး အပေါ့၊အငံမြည်း။


ပျော့ပြီးလုပ်ကိုင်ရလွယ်ကူအောင် ငှက်ပျောရွက်ကို မီးကင် (သို့) နေလှန်း။

 
ငှက်ပျောရွက်ထဲ ဒီလိုထည့်။

 
လှပအောင်ခေါက်ပြီး တုတ်တံလေးနဲ့ထိုး။

ပေါင်းအိုးနဲ့ နာရီဝက်ခန့်ပေါင်း။


ကြက်သွန်ဖြူဆီကျက်လေးကို အရောင်လှလှလေးလုပ်။


အနံမွှေးမွှေးလေးဖြစ်လာရင်ပေါင်းအိုး ကိုဖွင့်ကြည်လိုက်ဦး။


အိုးထဲက ထုတ်ထားတဲ့ ပူပူနွေးနွေး ဟင်းထုပ်။


ဆန်းလုံးစိကြော်လေးနဲ့ဆို လိုက်ဖက်တယ်။


ဂျူးမြစ်၊ ငရုတ်သီးကြော် နဲ့ နံနံပင်လေးထည့်။


မန်ကျည်းအချဉ်ရည်စပ်စပ်၊ ရေနွေးကြမ်းလေးနဲ့။


ကဲ...စားဖို့အဆင်သင့်ဖြစ်ပြီဗျာ။

                     အင်းလေးရိုးရာ ဟင်းထုပ် လုပ်နည်းကတော့ ရှင်းရှင်းလေးနဲ့ လွယ်လွယ်လေးပါပဲ။  အပေါ့၊ အငံ နဲ့ အပျော့အမာကတော ခင်ဗျားတို့ရဲ့တွေ့အဲကြုံနဲ့ လက်ဆပေါ်မှာမူတည်တယ်ခင်ဗျ။  မစားဖူးမကြားဖူးသူတွေ ဗဟုသုတနဲ့၊ စားဖူးပြီး မလုပ်တတ်တဲ့သူတွေကောအတွက် ကျွန်တော် ပြောပြတာလေး တွေက  အထောက်အကူဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ခင်ဗျားတို့လုပ်စားဖြစ်ရင်လည်း ကျွန်တော့်ကို ခေါ်ဖို့မမေ့နဲ့နော်။ ထပ်စားချင်သေးတယ်ဗျ။

Monday, July 27, 2009

နတ်မိမယ်

 
                     ကျွန်တော်ကြိုက်တဲ့ အဆိုတော်တွေထဲကတစ်ယောက်ဆိုထားတဲ့ သီချင်းလေးပါ။ ရှမ်းလို နန်းဟန်လီ လို့အသံထွက်တဲ့ ဒီသီချင်းရဲ့ခေါင်းစဉ်လေးကို ဗမာလို နတ်မိမယ် လို့လှလှလေးပြန်ထားတာပါ။

လက်ရွေးစဉ်ရှမ်းသီချင်းများ (၂)

သီချင်းတွေလိုချင်တယ်ဆိုရင် Download Here

Sunday, July 26, 2009

လက်ရွေးစဉ်ရှမ်းသီချင်းများ (၁)


သီချင်းတွေလိုချင်တယ်ဆိုရင် Download Here

Saturday, July 18, 2009

အာဇာနည်နေ့တို့မမေ့

Friday, July 10, 2009

爱你 - Cindi Wang

Saturday, June 27, 2009

Heal The World

                    ကမ္ဘာ့ဂီတရဲ့ ပေါ့ပ်ဘုရင်(King Of The Pop) ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ဟာ ဇွန်လ ၂၅ ရက်၊ ကြာသပတေးနေ့က ကယ်လီဖိုးနီးယားပြည်နယ် UCLA Medical Center မှာရုတ်တရက် ကွယ်လွန်သွားခဲ့ပါပြီ။ အသက် ၆ နှစ်အရွယ် ကတည်းကဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပါပြီ။ ဂရမ်မီဆု (၁၃) ဆု ပိုင်ရှင်မိုက်ကယ်ဂျက်ဆင်ဟာ ကမ္ဘာ့ဂီတလောကတွင် သူမတူအောင်နာမည် ကျော်ကြား သူဖြစ်ပြီး ယနေ့အချိန်အထိ သူ၏ဂီတအယ်လ်ဘမ်များရောင်းရငွေမှာ သန်း ၇၅၀ ကျော်ရှိပါပြီ။ သူသေဆုံးကြောင်း သတင်းကြားသည် နှင့် သူ့ ကို ချစ်သော ပရိသတ် ထောင်ပေါင်းများစွာမှာ ဆေးရုံရှေ့တွင် လာရောက်စုရုံးခဲ့ကြသည်။ မိုက်ကယ်ဂျက်ဆင်သည် ရှေ့လတွင် အင်္ဂလန်နိုင်ငံ၌ ကြီးကျယ်သော ဂီတဖျော်ဖြေပွဲတစ်ခုကျင်းပရန် စီစဉ်ထားပြီးဖြစ်သော်လည်း ပွဲမတိုင်ခင်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
                   ပေါ့ပ်ဘုရင်ကြီးရဲ့ ကျော်ကြားခဲ့သောသီချင်းတွေထဲက Heal The World သီချင်းနဲ့ သူကို ဂုဏ်ပြုလိုက်ပါတယ်။

သီချင်းနှင့်ဓာတ်ပုံများကို Google Search Engine မှတဆင့်ရယူသည်။

Saturday, June 6, 2009

ဖိတ်ကြားလွှာ

               လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခန်းမသစ်ဖွင့်ပွဲ ဖိတ်ကြားလွှာ။

  
  
 
ပုံအကြီးမြင်လိုလျှင်ပုံကိုနှိပ်လိုက်ပါ။

Wednesday, June 3, 2009

ကောသလမင်းကြီး၏ အိပ်မက် (၁၆) ချက်

               မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကောသလမင်းကြီးဟာ ထူးဆန်းတဲ့ အိပ်မက် (၁၆)ခုကို ဆက်တိုက်မြင်မက်သတဲ့။ အဲ့ဒီလို ထူးဆန်းတဲ့အိပ်မက်တွေ မြင်မက်ပြီးတဲ့နောက် ကောသလမင်းကြီး ဟာ အထိတ်တလန့် ရှိတာနဲ့ ဘုရားရှင်ဆီ သွားရောက်ကာ အိပ်မက်တွေရဲ့ အနက် အဓိပ္ပာယ်ကို မေးလျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က မင်းကြီးရဲ့အိပ်မက်တွေဟာ နောင်သာသနာတော် မှေးမှိန်ကွယ်ပျောက်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေလို့ အောက်ပါအတိုင်း ကြိုတင် ဟောပြော ရှင်းလင်းပြခဲ့ပါတယ်။
---------------------------
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥဿဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
      နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
------------------
(၂)  နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
      နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တမ်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
------------------------
(၃)   နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
      နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး၊ သားမက်၊ ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
---------------------------
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
      နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
---------------------------
(၅)   ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
      နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
-----------------------------
(၆)  အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
      နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
-----------------------------
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
      နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
-----------------------------
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
      နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
-------------------------------
(၉)  နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
      နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
-----------------------------
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
      နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
------------------------------
(၁၁) အဖိုးတသိန်းထိုက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
      နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
--------------------------------
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
      နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
-----------------------------
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
      နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
-------------------------------
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
      နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
-------------------------
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
      နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
-------------------------------
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
      နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။ 

Credit
အိပ်မက်(၁၆)ချက်ကို တရားလက်ဆောင်စကားများ မှကူးယူဖော်ပြသည်။
ပန်းချီကားဓာတ်ပုံများကို ကိုညီလင်းဆက် မှကူးယူဖော်ပြသည်။

Saturday, May 9, 2009

ဝေးရပ်မြေမှချစ်ရသူ

Tuesday, May 5, 2009

အဝေးကချစ်သူ

             ရှမ်းအချစ်သီချင်း ရိုးရိုးလေး။

Friday, April 3, 2009

ဒုတိယအကြိမ်


ရိုးပြတ်တောအလင်္ကာ

အမေ့အိမ်ကိုလွမ်းတယ်.....
           သံလွင်မြစ်ကမ်းနဲ တောင်ပြာတန်းကိုလွမ်းတယ်........
မေခနဲ့မလိခရဲ့ ရင်သွေးကိုလွမ်းသလို
          ချင်းတွင်းမြစ်ခြမ်းနဲ့ စစ်တောင်းမြစ်ဝှမ်းကိုလွမ်းတယ်......

အညာလေကိုလွမ်းတယ်......
       တောင်ပေါ်မြေကိုလွမ်းသလို
အောက်ပြည်အောက်ရွာကိုလွမ်းတယ်......
        ပုသိမ်ဟာလဝါလွမ်းတယ်...... 
        မုန့်ညုင်းစောနဲ့ နမ့်ဖစ်ထောင်းလွမ်းသလို
        ထန်းလျက်နဲ့ ပေါက်ပေါက်ဆုပ်လွမ်းတယ်......
ခေါင်ရည်လွမ်းတယ်....
ထန်းရည်လွမ်းတယ်...
         တာလဘောနဲ့ ပီလောရွက် ဟင်းရည်ကို လွမ်းသလို
ငါးပိရည်၊ တို့စရာ အပြင် ပဲပုတ်၊ ဂျူးမြစ်လည်းလွမ်းသေးတယ်....

ပိတောက်နဲ့ ချယ်ရီကိုလွမ်းတယ်....
မြေနီလမ်းနဲ့ ရေကြည်စမ်းကိုလွမ်းတယ်......
           အညာမြေလေနီကြမ်းနဲ့
           တောင်ပေါ်နှင်းဖြူဖွေးကိုလွမ်းတယ်.....
ရွာဦးကျောင်းကို လွမ်းသလို့
           စတုဒီသာမဏ္ဍပ်တွေလည်းလွမ်းတယ်.....
လက်ဖက်ခင်းနဲ့ လယ်ကွင်း အပြင်
ယာမြေကိုင်းကျွန်းနဲ့ တောဥယျာဉ်တွေလွမ်းတယ်......
..........................................လွမ်းတယ်
..........................................လွမ်းတယ်
..........................................လွမ်းတယ်
..........................................လွမ်းတယ်
..........................................လွမ်းတယ်
         ဟိုဟာလည်းလွမ်းတယ်.....
         ဒီဟာလည်းလွမ်းတယ်......
ဘာပဲပြောပြော..
                                      တို့မြေ၊ တို့ရေ နဲ့ တို့အမွေကိုလွမ်းတယ်...........


ကိုတောင်ပေါ်သား Tag လို့ ရှိစုမဲ့စုထဲက ကောင်းမယ်ထင်တာလေး ပြန်တင်လိုက်ပါတယ်ခင်ဗျာ။

Wednesday, January 28, 2009

အိမ်ပြန်ခြင်း

                 တစ်နှစ်ပြည့်ခွင့်ရဖို့အရေး ခြောက်လလောက်အလိုကတည်းက အလုပ်ထဲမှာ မန်နေဂျာကို ကြိုတင်ခွင့်တင်ထားရတယ်။ သူလိုကိုယ်လို ခွင့်ပြန်မယ့်သူများတော့ ကြိုတင်အလှည့်ကျ ဇယားချထားနိုင်အောင်လို့ပါ။ ခွင့်ပြန်ဖို့တစ်လအလိုမှာ မန်နေဂျာက အတည်ပြုလက်မှတ်ထိုးပေးလိုက်မှ ခွင့်စာကို စီမံရေးရာဌာနကိုတင်ရမှာဖြစ်တယ်။ အပေါက်ဆိုးဆိုးနဲ့ ကိုယ့်ကိုကိုယ် မာန်တက်နေတဲ့ စလုံးမတွေများတဲ့ ကျွန်တော့်ကုမ္ပဏီက စီမံရေးရာဌာနကို ပုံမှန်ဆိုသွားရမှာ ဝန်လေးတဲ့ကျွန်တော် တက်တက်ကြွကြွနဲ့ သွားဖြစ်ခဲ့ပါတယ်။ စီမံက ကျွန်တော်တင်ထားတဲ့ခွင့်ရက်နဲ့ ခံစားခွင့်ရက်ကို တွက်ချက်ပြီး နောက်လ လစာထဲကနေဖြတ်ထားမဲ့ လုပ်ခငွေပါ တစ်ခါတည်းတွက်ပေးလိုက်ပါတယ်။ ကုမ္ပဏီက ကိစ္စဝိစ္စ တွေ ပြီးတာနဲ့ လက်မှတ်ဝယ်ဖို့ ပင်နီစူးလားပလာဇာကို ပြေးရတယ်။ နီစပ်ရာသူငယ်ချင်းကို မေးပြီး အဆင်ပြေနိုင်မယ့်ဆိုင်ကို သွားတာပေါ့။ ဒီဇင်ဘာလ ခရစ္စမတ်ဆိုတော့ ကျွန်တော့်လိုပဲ အိမ်ပြန် ကြမယ့်လူတွေများတော့ လက်မှတ်ကိုလွယ်လွယ်ကူကူမရဘူး။ မက်ကတ်တင်းကောင်းတဲ့ အစ်မကြီးကတော့ အသွားလက်မှတ်တော့ရှိကြောင်းနဲ့ အပြန်လက်မှတ်ကတော့ ဝိတ်တင်းနဲ့ပဲရမှာဖြစ်ကြောင်း ပြောပါတယ်။  ဝိတ်တင်းကိုလည်း အမ်အေအိုင်မှဝယ်တဲ့လက်မှတ် ဆိုရင်သူတို့အနေနဲ့ လုပ်ပေးရင်အဆင်ပြေနိုင်ကြောင်း ရွှန်းရွှန်းဝေအောင်ကို ရောင်းပါတယ်။ ဒါနဲ့ပဲ အိမ်ပြန်ချင်လို့ တက်ကြွနေတာကတစ်ကြောင်း၊ ရောင်းသူရဲ့ မတ်ကတ်တင်းကောင်းမှုကတစ်ကြောင်းကြောင့် သူတို့ဆီကပဲ ဝယ်ဖြစ်လိုက်တယ်။ တကယ်တော့ ဘယ်ဟုတ်မလဲဗျာ။ လက်မှတ်ဖိုးငွေမရှင်းခင်ရက်နဲ့ ငွေရှင်းပြီးနောက်ရက် သူပြောတဲ့စကားက တော်တော် ကွာသွားတယ်။ ဝိတ်တင်းဖြစ်နေတဲ့ အပြန်လက်မှတ်ကို သူတို့အနေနဲ့ လုပ်ပေးလို့မရကြောင်းနဲ့  ရန်ကုန်ရောက်မှ အမ်အေအိုင်ရုံးမှာ ကိုယ်တိုင်တောင်းဆိုရမှာ ဖြစ်တယ်လို့ ပြောပြန်ရော။ ရန်ကုန်မှာရှိတဲ့ သူတို့ရုံးခွဲကိုတောင် မသွားဖို့ သေသေချာချာထပ်မှာလိုက်သေးတယ်။ နိုင်ငံရပ်ခြားမှာ မြန်မာအချင်းချင်း  ရိုင်းပင်းကူညီပုံများ ပြောပါတယ်။ ဘာပဲပြောပြော အိမ်ပြန်ဖို့စီးတော်ယဉ်လက်မှတ်ကတော့ တစ်ကြောင်းစာ အဆင်ပြေသွားပြီ။
              နောက်ထပ် အရေးကြီဆုံးတစ်ခုက နိုင်ငံခြားမှာသွားရောက် အလုပ်လုပ်နေသူတွေ မြန်မာပြည်ပြန်မယ်ဆို မဖြစ်မနေလုပ်ရမဲ့  သံရုံးသွားအခွန်ဆောင်ခြင်းအမှု လုပ်ရတယ်။ အခွန်ဆောင်ခြင်း ဆိုတဲ့နေရာမှာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လိုအကြောင်းအချက်တွေကြောင့် အခွန်ဆောင်ရတယ်၊ အခွန်တော်ငွေတွေဟာ ဘယ်လိုလည်ပတ်စီးဆင်းတယ်ဆိုတာ နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ  ပြည်ပကို ပြန်လည်ထွက်ခွာတဲ့အခါ ချောချောမွေ့မွေ့ဖြစ်ဖို့နဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလို့ရဖို့ ရှိတဲ့အတွက် ဘယ်လောက်အရးကြီးတယ်ဆိုတာ နားလည်ပြီးသားဖြစ်နေကြတဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား။  အခွန်ဆောင်ဖို့ ရုံးကခွင့်ယူပြီး မနက်လေးနာရီ အိမ်ကနေစထွက်ခဲ့တယ်။ စလုံးမှာနေလာတဲ့ ဒီအတောအတွင်း မနက်လေးနာရီလောက် အိပ်ယာကထရတယ်ဆိုတာ ကျွန်တော့်အတွက် ဒါပထမဆုံးပဲ။  အချိန်မတော် သွားတာဖြစ်တဲ့အတွက် ပုံမှန်ဈေးထက်ပိုတဲ့ တက်စီခလည်းပေးရတယ်။ သံရုံးရှေ့ ရောက်တော့ ကျွန်တော့်လိုပဲ အခွန်ဆောင်မဲ့ လူတစ်ချို့ ရောက်နှင့်နေပြီ။  လူတစ်ချို့ သံရုံးရှေ့ မြောင်းနံဘေးမှာ အိပ်နေတာကို အရင်စတွေ့ကတည်းက စိတ်က မသက်မသာဖြစ်သွားတယ်။  သူတို့ ဘယ်အချိန်ကတည်းက ရောက်နေကြတာလဲ တော့မသိဘူး စာရွက် ပိုင်းလေးထဲမှာ နံပါတ်စဉ်ကို ရေးတော့ ကျွန်တော်အလှည့်က အယောက်နှစ်ဆယ်ကျော် ဖြစ်နေပြီ။ စိတ်မောမောနဲ့ဘဲ ကျွန်တော်တို့ မြန်မာသံရုံးက အထူးစီစဉ်ပေးထားတဲ့ ကားလမ်းဘေးပလက်ဖောင်းပေါ် ထိုင်ချရင်း အခွန်ဆောင်ရင် ကြုံတွေ့ရမဲ့ အခက်ခဲတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့ ဘေးနားကတွေ့တဲ အစ်ကိုတွေနားက စနည်းနာရတယ်။  မနက်ခင်းလမ်းလျှောက်တဲ့ လူတစ်ချို့ကွက်ကြည့်ကွက်ကြည့် လုပ်သွားတာကိုတော့ ရှက်ရှက်နဲ့ မမြင်ချင် ယောင်ဆောင်နေလိုက်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ပေးပြီး မနက်ကိုးနာရီ သူတို့အလုပ်လုပ်မဲ့အချိန်ထိ စောင့်ရတော့တာပေါ့။ ဘယ်တတ်နိုင်မလဲဗျာ ဒါမျိုးဒုက္ခကခုမှပထမဆုံး ကြူံဖူးတာမှ မဟုတ်တာ ကျင့်သားလည်း ရနေပါပြီလေ။ ကိုးနာရီထိုးတော့ ယူနီဖောင်းနဲ့ စလုံးတရုတ် အဖိုးကြီးက သံရုံးတံခါးလာဖွင့်တော့ အထဲကိုဝင်လို့ရပြီ။ အထဲမှာ ထိုင်စရာခုံ အနည်းငယ်က လာတဲ့ လူအရေအတွက်နဲ့ မမျှတဲ့အတွက် တချို့ဟိုနားဒီနားမှာရပ်တဲ့လူကရပ် အပြင်မှာဖိနပ်ခုထိုင်တဲ့လူကထိုင်နဲ့ တော်တော်ကြီးတဲ့ ဒုက္ခပါပဲ။ လာတဲ့လူတွေရဲ့မျက်နှာတွေကို ကြည့်လိုက်ရင် အိပ်ရေးပျက်တာရော  စိတ်မကြည်လင်တာရောဆိုတော့ သနားစရာပုံလေးတွေကိုဖြစ်လို့ပေါ့ဗျာ။ ငါးယောက်စီ အလှည့်ကျခေါ်သံနဲ့ အတူကျွန်တော့်အလှည့်ရောက်ပါပြီ။ သံရုံးရဲ့ကွမ်းတောင်ကိုင် ခပ်ဝဝအန်တီကြီးက အခွန်ဆောင်မှာလား သက်တမ်းတိုးမှာလားလို့ ဟောက်သံနဲ့မေးပါတယ်။ တစ်မနက်လုံးအချိန်ကုန်ခံစောင့်ရ၊ အိပ်ရေးပျက်ရ၊ အလုပ်ပျက်ရလို့ စိတ်အချဉ်ပေါက်နေရတဲ့အထဲ ဟောက်သံနဲ့အကြောကြီးလာပြောလို့ စိတ်တိုနေပေမဲ့ မျက်နှာကိုတော့ ကျွန်တော်အတတ်နိုင်ဆုံးပြုံးထားလိုက်တယ်။ နောက်ထပ်အဟောက်မခံရအောင်နဲ့၊ ကိုယ့်ကိစ္စမြန်မြန်အဆင်ပြေဖို့ပဲလေ ဆိုတဲ့စိတ်ရယ် ဗုဒ္ဓဘုရားရှင်ဟောကြားသွန်သင်တော်မူတဲ့ ခန္တီစတရား ကိုလက်ကိုင်ထားလို့ပေါ့ဗျာ။ သံရုံးကိုသာတစ်နေ့တစ်ခေါက်လာရမယ်ဆိုရင် ကျွန်တော်နိဗ္ဗာန် မြန်မြန် ရောက်နိုင်တယ်။ တယောက်တစ်မျိုးမတူညီတဲ့ အခွန်နှုန်းတွေနဲ့ တစ်လစာလောက်ရှိတဲ့ ကိုယ်ရဲ့ ချွေးနဲစာလေးလဲ ပေးဆောင်ပြီးသကာလ သက်ပြင်း ချသံနဲ့အတူ နောက်နှစ်မှနောက်တစ်ခေါက်ပြန်လာရမဲ့ ရုံးတော်ကြီးကို လှည့်တောင်မကြည့်ပဲ ပြန်ခဲ့ပါတယ်။  နှမြောလိုက်တာမှမျက်ရည်တောင်လည်မိတယ်ဗျာ။ ထားလိုက်ပါတော့ကိုယ်မှဘာမှမတတ်နိုင်တာပဲလေ။ အိမ်ပြန်မယ်လို့ ပြောလိုက်တာနဲ့ ပထမဦးဆုံး လူကြုံထည့်ပေးလိုက်ဦးမယ်ဆိုတဲ့ ကျွန်တော်တို့  မြန်မာလူမျိုးတွေရဲ့ ချစ်စရာဓလေ့ကို စတင်ရင်ဆိုင် ရတာပါပဲ။ စလုံးလိုကျွန်းနိုင်ငံသေးသေးလေးမှာ  လက်ရှိ မြန်မာဦးရေကလည်း နည်းတာမဟုတ်ဘူး။ အရင်ကတည်းကခင်တဲ့ သူငယ်ချင်းတွေရှိသလို စလုံးရောက်မှ တွေလို့ခင်တဲ့ သူငယ်ချင်းတွေကလည်း မနည်းဘူး။ သူငယ်ချင်းတွေခိုင်းတာကို ငြင်းပယ်လေ့မရှိတဲ့ ကျွန်တော် ထည့်ပေးလိုက်တာတွေ တနင့်တပိုးနဲ့ ဖေဖေ၊ မေမေ နဲ့ အမျိုးတွေအတွက် လက်ဆောင်တစ်ချို့ ဝယ်ကာ အိမ်ပြန်လမ်းကိုနှင်ခဲ့ပြီပေါ့။ ဒီလိုနဲ့ အမ်အေအိုင်လေယာဉ်လေး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ပါပြီ။ လူဝင်မှုကြီးကြပ်ရေး ကောင်တာကိုဖြတ်ရတော့မယ်။ ကိုယ့်တိုင်းပြည်ကိုပြန်တာပါပဲ၊ ဒါပေမဲ့ ကုမ္ပဏီိကခွင့်စာ၊ အခွန်ဆောင်းပြီးကြောင်းပြေစာနဲ့ တခြားလိုအပ်မယ်ထင်တဲ့စာရွက်စာတမ်း တစ်ချို့ကို ပြင်ဆင်လာခဲ့ ပြီးသားဖြစ်တဲ့ကျွန်တော် ခပ်တည်တည်ပါပဲ။ ကောင်တာမှာကျွန်တော့်ရှေ့က အစ်ကိုကြီး တစ်ယောက် ကတော့ သူ့ဘောင်းဘီအိပ်ထဲကဘာတွေနှိုက်ပြီးပေးလိုက်တာလဲတော့ မသိဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ။ ကျွန်တော့်ဦးဏှောက်နဲ့လဲစဉ်းစားလို့လိုက်မမှီဘူး။ ထားပါတော့၊ ဒီတစ်ခါကျွန်တော့် အလှည့်။ ခွင့်စာပါတဲ့အတွက် စလုံးပြန်ထွက်ရင်ဒီဖောင်း မလိုအောင်သူပေးတဲ့ ဖောင်တစ်ခုထဲမှာ ဖြည့်စရာရှိတာ ဖြည့်နေတုန်း အဲဒီဝန်ထမ်းဦးလေးကြီးက ကျွန်တော့်မျက်နှာကို မကြည့်ပဲ " ညီလေး၊ မင်းနိုင်ငံခြားက ပြန်လာတာဘာလက်ဆောင်ပါသလဲကွ" လို့မေးလာတယ်။ ကျွန်တော်လည်းကြိုတင် စဉ်းစားထားပြီးသား ဖြစ်တာမို့ ဟိုမှာသိပ်အဆင်မပြေကြောင်းနဲ့ လက်ရှိကမ္ဘာ့ငွေကြေးဂယက်ကြောင့် လစာလျှော့ခံတဲ့အတွက် ဘာမျှတောင် ဝယ်မလာနိုင်လို့ စိတ်မရှိပါနဲ့ခင်ဗျာလို့ပြောပြီး ခပ်သုတ်သုတ်လေး ပြေးထွက်ခဲ့တယ်။ အပြင် ရောက်တော့ တက္ကစီသမားတွေဆွဲလားရမ်းလား လာလုပ်တော့တာပဲ။ သူတို့ထဲက တစ်ယောက်နဲ့ ဈေးတည့်လို့ သူလိုက်ပြတဲ့ကားကိုတွေတော့ကျွန်တော် တော်တော်ဝမ်းသာသွားတယ်။ ဘာလို့ဝမ်းသာ သွားတာလဲလို့ထင်လဲ။ ကျွန့်တော့်တစ်သက် ဒီလိုကားမျိုးစီးရလိမ့်မယ်လို့ တစ်ခါမှတွေးမထားမိလို့ပဲ။ ဘယ်လိုကားမျိုးမို့ဒီလောက်ညွှန်းနေတာလဲလို့ မမေးနဲ့ အနက်ရောင်ကားကြီးရှေ့မှာ "စီးပွား/ကူးသန်း" ဆိုတဲ့ဆိုင်းပုဒ်နဲ့ဗျ။ ဟဲ..ဟဲ..တက္ကစီဆိုတဲ့ ဆိုင်းပုဒ်တော့ မတွေ့ဘူး။ ဒီလိုနဲ့......လိုရာခရီးကိုခန့်ခန့်ကြီး ရောက်သွားတယ်ဆိုပါတော့။ ရန်ကုန်မှာတစ်ညတာခရီးတထောက်နားခဲ့တယ်။ သူငယ်ချင်းအိမ်မှာ အိပ်တော့ မှတ်မှတ်ရရသူဆိုပြတဲ့ အဆိုတော်တွံတေးသိန်းတန်ရဲ့ "မှောင်နဲ့မဲမဲ လရောင်လဲမသဲကွဲ၊ ချွေးကလေးစို့ အပြေးကလေးမို့လာခဲ့ပါလား" ဆိုတဲ့သီချင်းကိုခုထိဆိုညဉ်းနေမိတုန်းပဲ။ နောက်နေ့ ထမင်းစားသောက်ပြီး နေ့လည်ခင်းကားနဲ့ မွေးရပ်ရှမ်းကုန်းမြေကို ခရီးဆက်ခဲ့တယ်။
.
 
ကလောအလွန်တောင်ပေါ်လမ်း
.
                  လမ်းခရီးမှာစိတ်ပင်းပန်းလို့ အိပ်ပျော်မယ်လုပ်ရင် မှတ်ပုံတင်စစ်ဆိုလို့ အောက်ဆင်းရတာ ကတော့ခဏခဏပဲ။ ဘုရားငါးဆူလမ်းခွဲကျော်တော့ သန်းခေါင်ကျော်လို့ နှစ်ချက်တီးနေပါပြီ။ တောင်ပေါ်ကို စတက်နေပြီဖြစ်လို့ ဒီဇင်ဘာအအေးဓာတ်ကစိုးမိုးနေပေမယ့်၊ မွေးရပ်မြေကိုရောက်တော့မှာမို့ရင်ထဲကတော့ နွေးနေတယ်။ အပြင်မှာမှောင်မဲနေပေမဲ့ ကျွန်တော်မအိပ်တော့ပဲ တောင်တန်းမှောင်မဲမဲတွေကို လိုက်ကြည့်နေမိတယ်။ ဘာရယ်ကြောင့်မှန်းလည်းမသိဘူး မျက်ရည်တွေလည်းအလိုလိုဝဲနေတယ်။ အောင်ပန်းမြို့ကိုကျော်တော့မိုးလင်းနေပါပြီ။ နှင်းတွေပိတ်မှောင်နေတဲ့ ဒီဇင်ဘာရှမ်းမြေကတော့ အရင်လို လှနေဆဲပါပဲ။ ကားပေါ်ကဆင်းတော့ မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ကြိုနေတဲ့ အမေ နဲ့ အဖေ ကိုမြင်တော့ ကျွန်တော် ပြေးဖက်ပြီးငိုလိုက်မိတော့တယ်။ လောကရဲ့ရိုက်ခတ်တဲ့ ဒဏ်ချက်တွေကြောင့် ကျွန်တော်ပင်ပန်းခဲ့တာတွေ ခဏလေးအတွင်းမှာပြေပျောက်သွားတယ်။ ဒါ..မိဘမေတ္တာနဲ့မွေးရပ်မြေရဲ့ အငွေ့အသက်တွေပြန်လည်ရှူရှိုက်လိုက်ရတဲ့ အတွက်ကြောင့်ပေါ့။
        နောက်နေ့မှာ ကျွန်တော်ပြောပြနေတဲ့ လုပ်ငန်းခွင်နဲ့ ဘဝအတွေအကြုံတွေကို အာရုံစိုက်နားထောင်နေတဲ့ အဖေနဲ့ အမေကို  ကျွန်တော်သီချင်းတစ်ပုဒ်ဆိုပြလိုက်တယ်။ဒီလိုပါ........
       " ဝေဟင်မှာ လေဟုန်စီး ရီးလေးလေးခိုကာရယ်၊ အဖေ့ဆီကို မနားတမ်းဝဲပျံကာရယ် ချစ်ခွန်းတွေ ဖွဲ့ကာနွဲ့ကာ အမေ့ကိုနွဲ့ဆိုးဆိုးလိုက်ချင်တယ်.......xxxxxxxxxxxxxx..........
             xxxxxxxxxx
xxxxxxxxxxx
             အတောင်ပံလေးများ ရနိုင်ရင်တော့လိုချင်သားကွယ်၊ ဒါမှချစ်တဲ့ အမေရှိရာ အခွန်မဆောင်ပဲ သားလည်းပြန်နိုင်မယ်.......
             xxxxxxxxxx.......................
             ..