Sunday, November 2, 2008

Singapore Charity Food Bazar (နိဗ္ဗာန် ဈေးပွဲတော်)

                     ဘာရယ်တော့ဟုတ်ပါဘူး။ ဘယ်နေရာမဆို ဟိုစပ်စပ် ဒီစပ်စပ် သွားချင်ပါချင်တဲ့ကျွန်တော် ဒီနေ့တော့အားအားရှိတာနဲ့ တိုပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းက နိဗ္ဗာန်ဈေးပွဲတော်ကို ရောက်ခဲ့ပါတယ် ။ရောက်ရောက်ချင်းကြည့်လိုက်တာ ...............အားလားလား ရွှေမြန်မာတွေ မနည်းပါလား။ ဒီတစ်ခါတော့ မဆိုးပါဘူး။ ကုသိုလ်လဲရ၀မ်းလဲဝပဲ။ ကျွန်တော့လို အစားမက်တဲ့သူ အတွက်တော့ တော်တော့်ကို    အဆင်ပြေသဗျို့။  မြန်မာအစားအသောက်တွေများစုံလို့။ ရောက်တဲ့အချိန်ကလဲအချိန်ကိုက်မနက်(၁၁)နာရီ။ ဘာများစားရမလဲ ရွေးကြည့်တော့ ဘာစားရမှန်းကို မသိတော့ဘူး။ အကုန်ကို စားချင်တော့တာပဲ။ ရခိုင်မုန့်တီ၊ ရှမ်းထမင်းချဉ်၊ မုန့်ဟင်းခါး၊ အသားလိပ်၊ လက်ဖက်ရည်၊ ကောက်ညှင်းပေါင်း နဲ့အကြော်စံ၊ု အအေးစုံ၊ အုန်းနို့ခေါက်ဆွဲ၊ ကြက်ပဲဗလာတာ၊ မြှီးရှည်၊ ပြည်ထမင်းသုတ်၊ ဖာလူဒါ၊ မုန့်ဖက်ထုပ်၊ ဆနွင်းမကင်း၊ ရွှေရင်းအေး လေးလဲပါ ပဲနို့ကတော့ free ဗျို။့ မရောက်ဖြစ်တဲ့ ကျွန်တော့်အစ်ကိုအစ်မတွေကို ကြွားချင်တာနဲ့ပဲ ဒီပို့စ်လေးကို တင်ဖြစ်သွားတယ်။


ရနိုင်တဲ့အစားအစာတွေပဲ လိုက်ရိုက်ထားလို့ဓာတ်ပုံတွေကတော့သိပ်ကြည့်လို့မကောင်းဘူး။


0 comments: