Wednesday, November 12, 2008

Gmail မှာ Voice နဲ့ Video ချက်လို့ရပြီ

                         ကျွန်တော်များ မြန်မာနိုင်ငံသားတွေ အဓိကအားထားအသုံးပြုနေတဲ့ Gmail Service ကြီးကနေပြီး Yahoo,MSN,VZO Service များကဲ့သို့ Voice နဲ့ Video ချက်လို့ရအောင် အဆင့် မြှင့်တင်လိုက် ပါပြီခင်ဗျာ။ နိုင်ငံတကာမှာ အင်တာနက်ချက်တင် အသုံးပြုသူတိုင်း သဘောကျ အကြိုက် တွေ့နေတဲ့ Video Chatting လို Yahoo,MSN ဆားဗစ်မျိုးကို အသုံးပြုခွင့်မရတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ VZO ကို အား ထားအသုံးပြုကြရပါတယ်။ ဒါပေမယ့် ထစ်ငေါ့ထစ်ငေါ့နဲ့ပေါ့။ အခုတော့ Gmail Service ကနေရတော့မယ် ဆို တော့ ဝမ်းသာစရာပေါ့ဗျာ။ အဲ...ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမယ်။
                                 
                       Gmail ရဲ့ Voice နဲ့ Video ချက်ကို အသုံးပြုချင်တယ်ဆိုရင် Plugin တော့ install လုပ် ရပါမယ်။ Plugin ကို install လုပ်ပြီးတာ နဲ့ Browser ကို Restart လုပ်ပြီး အသုံးပြုလို့ရပါပြီ။ Gmail ထဲကို Sign in လုပ်လိုက်ပြီဆိုရင် သင့်ရဲ့ Gmail Chat Box ထဲက သင့် ID name ရဲ့ဘေးမှာ Video Icon လေး
ဒီလိုပေါ်နေတာတွေ့ရပါမယ်။ သင့်မှာ ပြောဖို့ Microphone၊ နားထောင်ဖို့ Speaker၊ ရုပ်မြင်ရစေဖို့ Webcam တွေတော့ရှိရပါမယ်။ ဒါဆို အဆင်ပြေသွားပြီပေါ့။ Gmail Setting ထဲမှာ ဝင်ပြီးတော့လည်း Video Setting ကိုလိုသလို ချိန်ညှိနိုင်ပါတယ်။
          သင်ချစ်ခင်တဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ၊ ဆွေမျိုးပေါင်းဖေါ်တို့ရဲ့ ကြည်နူးဖွယ်မျက်နှာလေး တွေကိုကြည့်ရင်း အပူပင်ကင်းကင်းနဲ့ ချက်တင်း နိုင်ကြပါစေဗျာ။
            
         ........................... 

0 comments: