ဘဝ
သူတလူ ငါတမင်း
နဂိုရှိရင်းစွဲမှာ
ခြောက်ပြစ်ကင်း နေတာမရှိဘူး။
မိုးခါးရေလှလှလေးနဲ့
ဆင်ခြေပေးရရင်
အိပ်မက်တိုင်းချိုမှာမဟုတ်သလို
ဘဝတိုင်းလည်းမခါးဘူး
လောကဓံတရားကတဖက်စောင်းနင်းဖြစ်နေရင်တော့
လာမယ့်ဘေးပြေးသာတွေ့လိုက်
အချိန်ကစကားပြောလိမ့်မယ်
အဲ.......မီးမသေခင် ပွဲပြီးသွားအောင်
ဦးနှောက်တော့နည်းနည်းသုံးရလိမ့်မယ်။ ။
3 comments:
ကောင်းလိုက်တဲ့ ကဗျာ... ကိုနေးတစ်လမ်းကိုယ်တိုင်ရေးတာလားဗျ....
ကိုစနေသားရေကျေးဇူးပါဗျာ။ ကျွန်တော့်ရဲ့ အတွေးစာစု စစ်စစ်လေးပါ။
ဲပြန်လည် မျှဝေနိုင်ပါတယ် ညီမလေးရေ။ လာရောက်အားပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။
Post a Comment