Wednesday, October 22, 2008

ဂုဏ်ယူရပါသော

                         ကမ္ဘာကြီးတစ်နေ့တစ်ခြားပူနွေးလာနေပြီတဲ့။ အမြဲတွေ့တွေ့နေရတဲ့သတင်း။ သိပံ္ပပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ခေတ်ပညာတတ်လူတန်းစားတွေကို ခေါင်းကိုက် အလုပ်ရှုပ်စေတဲ့ ပြဿနာကြီး တစ်ရပ်လည်းဖြစ်တယ်။ ဒီပြဿနာကို တစ်ဦးတစ်ယောက်က မိုးပျံအောင်တော်ပါစေဦး၊ သူရဲကောင်းလုပ် ပြီးအများအကျိုးဖြေရှင်းပေးလိုတဲ့စိတ် ရှိပါစေဦးပြေလည်သွားမဲ့ အမျိုးလည်းမဟုတ်ဘူး။ တတ်သိပညာ ရှင်တွေလမ်းညွှန်ထားတဲ့အတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးက ပူးပေါင်းပါဝင်ဖြေရှင်းမှသာ ပြေလည်စေမယ့်ပြဿနာဖြစ်သလို တကယ်လည်းခက်ခဲ့တဲ့ ကမ္ဘာလုံးလွှမ်းခြုံမှုဆိုင်ရာ ပြဿနာကြီးဖြစ်နေတယ်။ ဒါဆို...ကျွန်တော်တို့တတွေလည်း ကျွန်တော်တို့ ချစ်တဲ့ဒီကမ္ဘာမြေကြီးအတွက် ပူးပေါင်းပါဝင်ဖို့ မလိုအပ်ပေဘူးလား။
                     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်မှုမှတ်တိုင် တစ်ခုဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံများထဲမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအကောင်းဆုံး မြို့ကြီး (၁၀) မြို့ ဆုပေးပွဲကို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ကအောက်တိုဘာ(၈)ရက်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြီးစီးခဲ့ ပါတယ်။ ဆုပေးရခြင်းရဲ့ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒေသတွင်းမြို့များ တွင်အကောင်းဆုံးနည်းလမ်းများ၊ အဆင့်မြင့်စံချိန်စံညွှန်းများနှင့်ထိန်းသိမ်းကြရေးအတွက် အားပေးလှုံဆော် ရန်ဖြစ်သည်။ ထိုဆုကို မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးမြို့မှလည်း ဆွတ်ခူးရရှိခဲ့ပါသည်။ တောင်ပေါ်သားတို့ရဲ့မြို့တော် ချယ်ရီမြို့လေးယခုထက်သာယာလှပ ပါစေကြောင်း...........
 
ရှင်းလင်းစွာမြင်နိုင်ရန်ပုံကိုနှိပ်ပါ
 




မှတ်ချက်။ ။ သတင်းကို Weekly Eleven News မှရယူသည်။

0 comments: