Saturday, June 27, 2009

Heal The World

                    ကမ္ဘာ့ဂီတရဲ့ ပေါ့ပ်ဘုရင်(King Of The Pop) ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ဟာ ဇွန်လ ၂၅ ရက်၊ ကြာသပတေးနေ့က ကယ်လီဖိုးနီးယားပြည်နယ် UCLA Medical Center မှာရုတ်တရက် ကွယ်လွန်သွားခဲ့ပါပြီ။ အသက် ၆ နှစ်အရွယ် ကတည်းကဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပါပြီ။ ဂရမ်မီဆု (၁၃) ဆု ပိုင်ရှင်မိုက်ကယ်ဂျက်ဆင်ဟာ ကမ္ဘာ့ဂီတလောကတွင် သူမတူအောင်နာမည် ကျော်ကြား သူဖြစ်ပြီး ယနေ့အချိန်အထိ သူ၏ဂီတအယ်လ်ဘမ်များရောင်းရငွေမှာ သန်း ၇၅၀ ကျော်ရှိပါပြီ။ သူသေဆုံးကြောင်း သတင်းကြားသည် နှင့် သူ့ ကို ချစ်သော ပရိသတ် ထောင်ပေါင်းများစွာမှာ ဆေးရုံရှေ့တွင် လာရောက်စုရုံးခဲ့ကြသည်။ မိုက်ကယ်ဂျက်ဆင်သည် ရှေ့လတွင် အင်္ဂလန်နိုင်ငံ၌ ကြီးကျယ်သော ဂီတဖျော်ဖြေပွဲတစ်ခုကျင်းပရန် စီစဉ်ထားပြီးဖြစ်သော်လည်း ပွဲမတိုင်ခင်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
                   ပေါ့ပ်ဘုရင်ကြီးရဲ့ ကျော်ကြားခဲ့သောသီချင်းတွေထဲက Heal The World သီချင်းနဲ့ သူကို ဂုဏ်ပြုလိုက်ပါတယ်။

သီချင်းနှင့်ဓာတ်ပုံများကို Google Search Engine မှတဆင့်ရယူသည်။

4 comments:

မငုံ said...

သီချင်းလေးက မငုံ အကြိုက်ဆုံးစာရင်းထဲမှာပါတယ်။ အဓိပ္ပာယ်ကောင်းတဲ့ ဒီသီချင်းလေးကို အခုလို တင်ပြသွားတာ သိပ်ကောင်းတာပဲ။ ၃ခါ ကြည့်သွားတယ်နော့။

ခြေလှမ်းသစ် said...

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချင်းဟာ လေးစားစရာပါ

AMO said...

This is the really nice song and really nice of creative .I like it very much.

စိုင်းစိုင်းလားရှိုး said...

သီချင်းလေး လာနားထောင်ပြီး စိတ်ထဲမှာ မကောင်းပါဘူး